Join MultiplyOpen a Free ShopSign InHelp
MultiplyLogo
SEARCH

U hteik


ရဟန်းတို့ ငါဘုရားအား လုပ်ကျွေးပြုစုလိုသော
ရဟန်းသည် နာမကျန်းဖြစ်နေသော ရဟန်းအား
လုပ်ကျွေးပြုစုလော့
မြတ်ဗုဒ္ဓ(မဟာဝါပါဠိတော်)
ဆိုတဲ့ ဘုရားရှင်၏ ဆန္ဒတော်အတိုင်း နာမကျန်းဖြစ်နေသော
အေအိုင်ဒီအက်စ် ရောဂါဝေဒနာရှင်များပြုစုကူညီရေးအတွက်
ဝိပဿနာအဓိကထား၍ ကူညီဆောင်ရွက်ပေးနေသော
ရတနာ့မေတ္တာအဖွဲ့(မန္တလေးအဖွဲ့ခွဲ)ရဲ့ ဒုတိယအကြိမ်ပရောရျက်အဖြစ်
၂၀၀၈-၂၀၀၉ ပရောဂျက်ကို စတင်ခဲ့ပြီ ဖြစ်ပါတယ်။
၂၀၀၆ခုနှစ်က စတင်ခဲ့တဲ့ မန္တလေးအဖွဲ့ခွဲအနေနဲ့
သက်တမ်း နှစ်နှစ်အတွင်းမှာ ပရောဂျက်တစ်ခု အောင်မြင်လို့
ဒုတိယတစ်ခု စတင်ခဲ့တာပဲဖြစ်ပါတယ်။
ရတနာ့မေတ္တာအဖွဲ့အနေနဲ့
HIV/AIDS ဆင့်ပွားပညာပေးခြင်း
ဆေးရုံတက်လူနာစောင့် ပေးခြင်း
PLHIV များအတွက် ၀ိပဿနာ တစ်ရက်စခန်း ဖွင့်ပေးခြင်း
ဆေးရုံတက်လူနားများအတွက် ဆေးဖိုးထောက်ပံ့ခြင်း
အာဟာရထောက်ပံ့ခြင်း
နာရေးကူညီခြင်း
တွေ့ဆုံပွဲများတွင် ဘာသာရေးဟောပြောပေးခြင်း
များကို ဆောင်ရွက်လျက်ရှိပါတယ်။
ပရောဂျက်လုပ်ငန်းများကို အဓိက ထားသော်လည်း
ပါဝင်ကူညီလှူဒါန်းကြသည့် အလှူငွေပေါ်မူတည်ပြီး
တိုးချဲ့ ဆောင်ရွက်များဆောင်ရွက်ပေးတယ်လို့ သိရပါတယ်။
လှူဒါန်းမယ်ဆိုရင်
ရတနာ့မေတ္တာအဖွဲ့ ဖောင်တော်ဦးကျောင်း
၁၉လမ်း၊ နန်းရှေ့၊ မန္တလေးမြို့
ဖုန်း ၀၂-၃၉၈၅၅ လိုင်းခွဲ ၈၀၅ ကိုဆက်သွယ် လှူဒါန်းနိုင်ပါတယ် . . .

အေအိုင်ဒီအက်စ် တိုက်ဖျက်ဖို့
အားလုံးပါဝင်ဆောင်ရွက်စို့
ကိုယ်ချင်းစာနာ နားလည်ပါ
သင်လည်း လူသားပါ


<!-- /* Font Definitions */ @font-face {font-family:宋体; panose-1:2 1 6 0 3 1 1 1 1 1; mso-font-alt:SimSun; mso-font-charset:134; mso-generic-font-family:auto; mso-font-pitch:variable; mso-font-signature:3 135135232 16 0 262145 0;} @font-face {font-family:Zawgyi-One; panose-1:2 11 6 4 3 5 4 4 2 4; mso-font-charset:0; mso-generic-font-family:swiss; mso-font-pitch:variable; mso-font-signature:1627421319 -2147483648 8 0 66047 0;} @font-face {font-family:"\@宋体"; panose-1:2 1 6 0 3 1 1 1 1 1; mso-font-charset:134; mso-generic-font-family:auto; mso-font-pitch:variable; mso-font-signature:3 135135232 16 0 262145 0;} /* Style Definitions */ p.MsoNormal, li.MsoNormal, div.MsoNormal {mso-style-parent:""; margin:0cm; margin-bottom:.0001pt; mso-pagination:widow-orphan; font-size:12.0pt; font-family:"Times New Roman"; mso-fareast-font-family:宋体; mso-fareast-language:EN-US;} /* Page Definitions */ @page {mso-page-border-surround-header:no; mso-page-border-surround-footer:no;} @page Section1 {size:612.0pt 792.0pt; margin:72.0pt 90.0pt 72.0pt 90.0pt; mso-header-margin:36.0pt; mso-footer-margin:36.0pt; mso-paper-source:0;} div.Section1 {page:Section1;} -->

78 shopping center မှာ Lucky Bird ရဲ့ TOSHIBA notebook နဲ့ ပရိုဂျက်တာများ အရောင်းမြှင့်တင်ပွဲကျင်းပခဲ့ပါတယ်။

တိုရှီဘာ အရောင်းမြှင့်တင်ပွဲမှာ ပလန်ဘီရဲ့ ကိုရီးယားရုပ်တူ ပြိုင်ပွဲဝင်များက အားဖြည့်လို့ ပရိုမိုးရှင်းရှိုး လျှောက်ပေးကြပါတယ်။

တိုရီဘာရဲ့ နောက်ဆုံးပေါ် နည်းပညာများနဲ့ ထုတ်လုပ်ထားတဲ့ notebook နဲ့ ပရိုဂျက်တာများ ကို ပြသထားပြီး စိတ်ပါဝင်စားသူများနဲ့

ဝယ်ယူလိုသူများကလဲလေ့လာလျက်ရှိပါတယ်။

ပရိုမိုးရှင်းကာလအတွင်း ငွေကျပ်ခုနှစ်သောင်း လျော့ထားတဲ့အပြင် လက်ဆောင်ပစ္စည်းများလဲ

ပေးအပ်သွားမယ်လို့ သိရပါတယ်။

တိုရှီဘာ Notebook များက ကမ္ဘာအနှံ့ရှိ တိုရှီဘာ ဆားဗစ်စင်တာများမှာ ၀င်ရောက်ပြုပြင်နိုင်တဲ့

ဂလိုဘယ်ဆားဗစ်ပါဝင်ကြောင်းနဲ့ မန္တလေးမှာ လူကြိုက်များတဲ့ အမျိုးအစားဖြစ်ကြောင်းလဲ သိရပါတယ်။


<!-- /* Font Definitions */ @font-face {font-family:宋体; panose-1:2 1 6 0 3 1 1 1 1 1; mso-font-alt:SimSun; mso-font-charset:134; mso-generic-font-family:auto; mso-font-pitch:variable; mso-font-signature:3 135135232 16 0 262145 0;} @font-face {font-family:Zawgyi-One; panose-1:2 11 6 4 3 5 4 4 2 4; mso-font-charset:0; mso-generic-font-family:swiss; mso-font-pitch:variable; mso-font-signature:1627421319 -2147483648 8 0 66047 0;} @font-face {font-family:"\@宋体"; panose-1:2 1 6 0 3 1 1 1 1 1; mso-font-charset:134; mso-generic-font-family:auto; mso-font-pitch:variable; mso-font-signature:3 135135232 16 0 262145 0;} /* Style Definitions */ p.MsoNormal, li.MsoNormal, div.MsoNormal {mso-style-parent:""; margin:0cm; margin-bottom:.0001pt; mso-pagination:widow-orphan; font-size:12.0pt; font-family:"Times New Roman"; mso-fareast-font-family:宋体; mso-fareast-language:EN-US;} /* Page Definitions */ @page {mso-page-border-surround-header:no; mso-page-border-surround-footer:no;} @page Section1 {size:612.0pt 792.0pt; margin:72.0pt 90.0pt 72.0pt 90.0pt; mso-header-margin:36.0pt; mso-footer-margin:36.0pt; mso-paper-source:0;} div.Section1 {page:Section1;} -->

မန္တလေး ဂျီတီအိုင် ကျောင်းသား၊ကျောင်းသူဟောင်းများရဲ့

အာစရိယပူဇော်ပွဲ ကျင်းပရေး အစည်းအဝေးနဲ့ အလှူငွေ ပေးအပ်ပွဲကို

စက်တင်ဘာ ၁၃ရက် မွန်းလွဲ ၂နာရီခွဲက ၀ိဇိတာရာမကျောင်းတိုက်တွင် ကျင်းပပါတယ်။

မန္တလေးဂျီတီအိုင်အနေနဲ့ ၂၀၀၅ခုနှစ်မှာ ရွှေရတု အခမ်းအနားကျင်းပနိုင်ခဲ့ပါတယ်။

ရွှေရတုကာလအတွင်း မန္တလေးဂျီတီအိုင်မှာ သင်ကြားခဲ့ပြီး ပင်စင်ယူပြီးသွားတဲ့ ဆရာ၊ ဆရာမ

၆၂ဦးကို ၃၀-၁၁-၂၀၀၈ရက်နေ့၊ နံနက်၈နာရီမှာ မဟာဝိဇိတာရုံကျောင်းတိုက်မှာ အာစရိယ ပူဇော်ပွဲ ကျင်းပသွားမှာဖြစ်ပါတယ်။

မန္တလေးဂျီတီအိုင်ကနေ အနယ်နယ်အရပ်ရပ်မှာ ရောက်ရှိနေတဲ့ ကျောင်းသား၊ ကျောင်းသူဟောင်းများအနေနဲ့အောက်ပါကျောင်းသား၊ကျောင်းသူဟောင်းများနဲ့ ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။

ရန်ကုန် - ဦးမြင့်လွင် ၀၉-၅၀၀၅၂၅၂

             ဦးသိန်းဝင်း ၀၉-၅၁၁၂၉၈၇

             ဒေါ်တင်မမ ၀၉-၅၁၅၆၁၈၂

နေပြည်တော် - ဦးစိုးဝင်းသန်း ၀၅၇-၄၁၄၁၄၁

မန္တလေး  - ဦးမောင်မောင် ၀၂-၃၁၈၄၆

               ဦးကြီးမောင်    ၀၉-၂၀၂၆၉၈၀

               ဦးရန်လင်းဦး   ၀၉-၅၁၃၂၇၉၈

               ဦးမောင်ထွေး   ၀၂-၆၄၇၅၈

               ဦးတိုးဝင်း        ၀၂-၆၂၃၇၈

ရွှေဘို   -   ဦးစန်းဝေ       ၀၉-၂၁၀၀၄၃၄

မုံရွာ     -   ဦးခင်မောင်တင့်  ၀၉-၂၁၃၀၇၀၉

               ဦးအေးမြင့်        ၀၇၁-၂၂၆၇၉

               ဦးတင်စိုး     ၀၉-၅၃၄၀၆၈၂

တောင်ငူ  - ဦးလှမြင့်   ၀၉-၅၃၄၀၆၈၃

ကျောက်ဖြူ - ဦးသန်းညွန့်  ၀၉-၈၅၅၃၂၂၁

                                   ၀၄၃-၆၀၂၂၇  

အာစရိယပူဇော်ပွဲနှင့်အတူ အမှတ်တရ မဂ္ဂဇင်းကိုလည်း ထုတ်ဝေဖြန့်ချိသွားမယ်လို့ သိရပါတယ်။

မန္တလေး ဂျီတီအိုင်နေရာမှာ ယခု ဗဟိုအမျိုးသမီးဆေးရုံအဖြစ် ပြောင်းလဲ ဖွင့်လှစ်ထားပါတယ်။

မန္တလေးဂျီတီအိုင်အစား နည်းပညာတက္ကသိုလ်(မန္တလေး)အဖြစ် အိုးဘိုမှာ ဖွင့်လှစ်ထားတယ် လို့လဲ သိရပါတယ်။

မန္တလေး ဂျီတီအိုင်ကျောင်းဆင်း ကျောင်းသား၊ ကျောင်းသူဟောင်းများအနေနဲ့ ဆရာများကို ကန်တော့ရင်း ကျောင်းသား၊ကျောင်းသူဟောင်းများ ပျော်ပျော်ပါးပါး ဆုံတွေ့ကြဖို့ ပူဇော်ပွဲ အမီ ရောက်ရှိဖို့လဲ နှိုးဆော်ထားသလို အလှူငွေများ ရရှိရေးအတွက်လည်း ပါဝင်လှူဒါန်းကြဖို့ အာစရိယပူဇော်ကျင်းပရေးအဖွဲ့က တိုက်တွန်းထားပါတယ် . . .


မနေ့ည ၈နာရီလောက်ကမှ ဆြာဘနဲ့ အမေရှင် ဆေးရုံတက်နေရတဲ့ အကြောင်း ပြောဖြစ်ပါတယ်။

ည ၁နာရီခွဲလဲရောက်ရော
ဒေါ်မေရှင် ဆုံးပြီတဲ့ သိလိုက်ရပါတယ်။

မေးကြည့်တော့ ၁၁နာရီ၂၀က ဆုံးတယ်တဲ့

အိမ်ရောက်တော့ ပြောပြတော့
အမေက ပြန်ပြောပြတယ်

အရင်က အမေရှင် အိမ် သွားတိုင်းတဲ့
အမေရှင်ရဲ့ သီချင်းဆိုပြတဲ့ အသံကို ကြားမိတယ်တဲ့
တွေ့ရင် မမောနိုင် မပန်းနိုင်
အရင်က သီဆိုခဲ့တဲ့ သီချင်းများကို အမေရှင်က ပြန်ဆိုပြလေ့ရှိတာ
အမေ့ဆီ ရောက်ဖူးသူတိုင်း အမှတ်တရ ဖြစ်နေမှာပါ . . . .

အနုပညာအပေါ် ချစ်မြတ်နိုးပြီး
အမေရဲ့ ဖြူစင်တဲ့ စိတ်ထားနဲ့ အမေရဲ့ အနုပညာများကတော့ ဘယ်သောအခါမှ မသေနိုင်တော့ပါ . . .


အမေရှင်ရဲ့ အကြောင်းကို အင်တာနက်မှာ ရှာကြည့်တော့ ဒီလိုတွေ့ပါတယ်
မိဘနာမယ် ကွာလွဲချက်တော့ ရှိနေပါတယ်။


May Shin (born March 10, 1917) is a Burmese actress and singer.

[edit] Biography

She was born in 1917-03-10 at Mandaly, Mandalay Division. She is daughter of U Khin Lay and Daw Pwa Yon. She passed seventh grade from Watsaliyan School. In 1936 she joined with Ragoon A1 Film Company and she started acting. Her first film is Phu Sar Shin and in that film actor is Ye Kaung Chit Swe. She was successful in the first Myanmar audio film Mya Nat Maung. She was also noted for her singing. She lived in Yadanar House, Mya Sandar brach street, 26-B street, Between 62 street and 63 street, Aung Taw Mu Ward, Mandalay.

[edit] Filmography

  • Phu Sar Shin
  • Mya Nat Maung
  • Chit Ta Mya
  • Chit Ye Sin
  • Saung Taw Shin
  • Chain Tan Pyi
  • Mae Twat Tar

[edit] Famous Songs

  • Shin Thi Wa Li
  • Myat Lay Ngoun
  • Pyo Mar tan
  • Taw Tar Ngwe Min
  • Kyay Say Ta Man
  • Chit Khat Thet Lyar
http://en.wikipedia.org/wiki/May_Shin


နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင်၊ အဆိုတော် ၀ဏ္ဏကျော်ထင် ဒေါ်မေရှင်သည်
၃-၉-၂၀၀၈ ည ၁၁နာရီ မိနစ်၂၀က ကွယ်လွန်သွားသည့်အတွက် အထူးဝမ်းနည်းကြေကွဲရပါကြောင်း။

မန္တလေး ဘလော့ကာများမှ ပေါင်းစု ကျင်းပသော Blog Day 2008 အထိမ်းအမှတ် ဒါနပြုပွဲကို

ယနေ့ (၃၁-၈-၂၀၀၈) ဘလော့ဒေးတွင် မန္တလေးမြို့ အောင်မြေသာစံမြို့နယ်ရှိ ဧရိပ်မွန်အမျိုးသမီးစောင့်ရှောက်ရေး ကျောင်းတွင် ယနေ့နံနက် ၉နာရီခွဲ ကျင်းပသည်။

ဒါနပြုပွဲကျင်းပရာသို့ မန္တလေးရှိ ဘလော့ကာများ၊ စာနယ်ဇင်းများမှ ဖိတ်ကြားထားသူများ၊ ဧရိပ်မွန်အမျိုးသမီးစောင့်ရှောက်ရေးကျောင်းမှဒေါ်ဓမ္မေသီနှင့်ကျောင်းအုပ်ချုပ်ရေးအဖွဲ့ဝင် ဒေါ်တင်တင်လှနှင့်ကျောင်းသူ ကလေးများ တက်ရောက်ကြသည်။

ရှေးဦးစွာ အခမ်းအနားဖွင့်လှစ်ကြောင်း ကြေညာပြီး ကျောင်းအုပ်ချုပ်ရေးအဖွဲ့ဝင် ဒေါ်တင်တင်လှမှ မိတ်ဆက်စကားပြောကြားသည်။ ယင်းနောက် ဘလော့ကာများက တစ်ဦးချင်းမိတ်ဆက်စကားပြောကြားသည်။

ထို့နောက် ပညာဒါနပြုပွဲအဖြစ် ဧရိပ်မွန်အမျိုးသမီးကျောင်းရှိ သမီးငယ်များအား ဆရာဦးလှကောင်းက ICT and Education ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဘလော့ကာ မရတနာချိုက လွယ်ကူလေ့လာ အင်တာနက်ကမ္ဘာခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဘလော့ကာ ဦးထိပ်က မီဒီယာနှင့်ဘလော့ကာ အကြောင်းကိုလည်းကောင်း အသီးသီး ပညာဒါနပြု ဆွေးနွေးပြောကြားသည်။

ယင်းနောက် မန္တလေးစာနယ်ဇင်း ဆရာများကိုယ်စား ဘလော့ဒေးအထိမ်းအမှတ် ဒါနပြုပွဲ တက်ရောက်ရခြင်းအတွက် ရင်တွင်းခံစားချက်များကို ဆရာသင့်နော်နှင့်ဆရာညီပုလေးတို့မှ ပြောကြားသည်။

ထို့နောက် ဘလော့ကာများစုပေါင်း၍ ကောက်ခံရရှိသော အလှူငွေမှ ငွေကျပ် ငါးသောင်းအား ဧရိပ်မွန်အမျိုးသမီးကျောင်း အုပ်ချုပ်ရေးအဖွဲ့ဝင် ဒေါ်တင်တင်လှသို့ ပေးအပ်လှူဒါန်းသည်။ ကျန်အလှူငွေများအား ကွန်ပျူတာခန်းအတွင်း လိုအပ်သော ကွန်ပျူတာဆိုင်ရာ စာအုပ်များ၊ စီဒီများဝယ်ယူ လှူဒါန်းသွားမည်ဖြစ်သည်။

ယင်းနောက် မန္တလေးစာနယ်ဇင်း လူမှုကူညီရေးအတွက် ဘလော့ကာများမှ အလှူငွေ ကျပ်တစ်သောင်းပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

Blog EntryAug 29, '08 3:19 AM
for everyone
sayaba wants you to join WeGame

Is sayaba (sayaba.mdy@gmail.com) your friend?

WeGame allows you to record and watch awesome gaming videos.

Unsubscribe from these emails
View our privacy policy here
611 Mission St, 2nd Floor, San Francisco, CA 94105

မနေ့ ပြင်ဦးလွင်က အပြန် လိုင်းကား ဟိုင်းလတ် တစ်စီး မှောက်တယ်လို့ ကြားပါတယ် . . သုံးဦးသေဆုံးပြီး ဒဏ်ရာရသူများတယ်လို့လဲ ကြားသိရပါတယ် ညက အိုပီတီ နားမှာ ဆိုင်ဖွင့်တဲ့ သူက ပြောပြတာပါ
ကိုယ်တိုင် သွားရောက်ကြည့်ရှုရခြင်းမရှိသေးပါဘူး . . .

ဧရိပ်မွန်အမျိုးသမီးစောင့်ရှောက်ရေးကျောင်း

ကျောင်းသမိုင်းအကျဉ်း

၁၉၅၈ခုနှစ်တွင် သီလရှင်ဆရာကြီး ဒေါ်ခေမာ နန္ဒီနှင့် ညီမ ဒေါ်နန္ဒထေရီတို့သည်
တောင်ငူမြို့ ဇေယျာ သီရိသီလရှင်စာသင်တိုက်နှင့်မိဘမဲ့အမျိုးသမီးကလေးများကျောင်းကို
စတင်တည်ထောင်ပြီး လေးနှစ်ကြာသော် ဒေါ်နန္ဒထေရီသည် မန္တလေးမြို့တွင်လည်း အလားတူ ဆင့်ပွားကျောင်းတစ်ကျောင်းတစ်ကျောင်းကို တည် ထောင်ရန် ရွှေလက်ဝါးအမေထား၊ ကျောင်းဆရာကြီး ဦးဘသိုက်၊ ၀ါးတန်းဦးဘသန်းတို့နှင့်အတူ မန္တလေးမြို့ ၌ မြို့မိမြို့ဖများကို စည်းရုံး၍ ၁၉၆၃ခုနှစ် မေလတွင် မိဘမဲ့အမျိုးသမီးကလေးများကျောင်း စောင့်ရှောက်ရေး အသင်းကို ဖွဲ့စည်းတည်ထောင်ပါသည်။
ယခုလက်ရှိ မြေ ၃.၈၂ဧကကို အသင်း ဥက္ကဋ္ဌ ဒေါ်ဧမေ(မန္တလေးတိုင်း ရဲမင်းကြီးဦးဘတူ၏ဇနီး)က
မြေပိုင်ရှင် ဦးမောင်ကိုထံမှ မြေအချို့ကို မိဘမဲ့အမျိုး သမီးကလေးများကျောင်းတည်ထောင်ရန် အလှူခံ၍ တစ်မျိုး၊ မြေအချို့အား အဖိုးအခပေး၍ ၀ယ်ယူ၍ တနည်း ၁၉၆၃ခုနှစ် မေလ ၂၇ရက်တွင် စာချုပ် ချုပ်ဆို နိုင်ခဲ့ပါသည်။
မြေရရှိပြီးသော် အမှုဆောင်အဖွဲ့၏ကြိုးပမ်းမှုဖြင့် ရွှေမြင်းဦးထွန်းလှိုင်+ဒေါ်ဒေါ်သိန်းတို့မှ ၁၉၆၄ခုနှစ်တွင် အဆောက်အအုံတစ်ခု ဆောက်လုပ်လှူဒါန်းခဲ့ပါသည်။
အဆောက်အအုံပြီးသောအခါ ဒေါ်နန္ဒထေရီ သည် တောင်ငူကျောင်းမှ သီလရှင် ၁၂ပါးနှင့်ကလေး ၁၅ယောက်ကို ခွဲဝေခေါ်ဆောင်ကာ သီလရှင်တစ်ပါး လျှင် ကလေးတစ်ဦးကျ အလှူခံ၍ ကျွေးမွေးကာ ၁၉၆၄ ခုနှစ်တွင် မိဘမဲ့ကလေးများကျောင်းကို စတင်ဖွင့်လှစ်ခဲ့ပါသည်။
၁၉၆၅ခုနှစ်တွင် တောင်ငူကျောင်း၏ကျောင်းခွဲ အဖြစ် တောင်ငူကျောင်းမှတစ်ဆင့် လူမှုဝန်ထမ်းဌာနမှ ကလေး၁၅ဦးအတွက် ဆန်နှင့်စားစရိတ်၁၃၅၀ကျပ်၊ ၀တ်စရိတ် ၁၈၅ကျပ်၅၀ပြားကို စတင်ထောက်ပံ့ခဲ့ပါ သည်။ အသင်းမှတ်ပုံတင်လျှောက်ထားရာ ၁၉၇၂ခုနှစ် သြဂုတ်လ ၁၂ရက်တွင် အသင်းမှတ်ပုံတင်ရရှိခဲ့ပါသည်။
၁၉၇၃ခုနှစ်တွင် ဆရာကြီးဒေါ်ခေမာနန္ဒီသည် တောင်ငူကျောင်းမှ မန္တလေးကျောင်းသို့ ပြောင်းရွှေ့ကာ ဧရိပ်မွန်အမည်ဖြင့် ကျောင်းတိုးတက်ဖွံ့ဖြိုးစေရန် ဆောင်ရွက်ခဲ့ရာ ယခုအခါ ကျောင်းသူ ၁၂၀ကျော်အထိ လက်ခံပညာသင်ကြားပေးလျက်ရှိပါသည်။
၂၀၀၇ခုနှစ် ဖေဖော်ဝါရီ ၆ရက်တွင် ဒေါ်ခေမာ နန္ဒီ ကွယ်လွန်ခဲ့ပါသည်။ ယခုအခါ ဒေါ်နန္ဒထေရီ၊ ဒေါ်ဓမ္မေသီ၊ ဒေါ်ဟေမာထေရီတို့နှင့်အတူ ကျောင်း ကြီးကြပ်ရေးအဖွဲ့နှင့်ကြီးကြပ်ရေးကော်မတီဖွဲ့စည်းကာ ဧရိပ်မွန်အမျိုးသမီးစောင့်ရှောက်ရေးကျောင်း၏ ဖွံ့ဖြိုး တိုးတက်စည်ပင်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက် ရှိပါသည်။

စေတနာရှင်များသို့ . . .
ပြည်တွင်း၊ပြည်ပ အလှူရှင်များမှ ၀ိုင်းဝန်းပံ့ပိုး လှူဒါန်းမှုကြောင့် ယခုကဲ့သို့ အမျိုးသမီးငယ်များအား
ကျန်းမာရေး၊ ပညာရေး၊ နေထိုင်ရေး၊ စားသောက်မှု၊ ၀တ်ဆင်မှုမှအစ အစစ အရာရာ စောင့်ရှောက်ပံ့ပိုး ပေးနိုင်ခြင်းဖြစ်ပါသည်။
ထို့ကြောင့် စေတနာရှင်များအနေဖြင့် ဧရိပ်မွန် အမျိုးသမီးစောင့်ရှောက်ရေးကျောင်း ဆက်လက်ဖွံ့ဉဖိး တိုးတက်စည်ပင်ရေးအတွက် တတ်နိုင်သည့်ဘက်မှ ပါဝင်ကူညီလှူဒါန်းနိုင်ပါကြောင်း တိုက်တွန်းနှိုးဆော် အပ်ပါသည်။

ဘလော့ဒေးအထိမ်းအမှတ် ဒါနပြုပွဲအဖြစ် မန္တလေးရှိ ဘလော့ကာများက

အောက်ပါအစီအစဉ်တိုင်းဆောင်ရွက်မည်ဖြစ်သောကြောင့်

ပါဝင်လှူဒါန်းလိုသူများ သည် လူကိုယ်တိုင်လာရောက်၍ သော်လည်းကောင်း၊ အောက်ပါ အီးမေးလ် များမှသော်လည်းကောင်း ဆက်သွယ် လှူဒါန်းနိုင်ပါသည်။

blogger.mdy@gmail.com

sayaba.mdy@gmail.com
uhteik@gmail.com
yadanarcho@gmail.com





မန္တလေးရှိ အိုင်စီတီပညာရှင်များ၊ ဘလော့ စိတ်ဝင်စားသူများ၊ ဘလော့ကာများ၊

လှူဒါန်းလိုသူများအားလုံးကိုလည်း အောက်ပါအစီအစဉ်အတိုင်း ကြွရောက်ပါရန် ဖိတ်ကြားအပ်ပါသည်။



အစီအစဉ်

နေ့ရက် - ၃၁-၈-၂၀၀၈

အချိန် - နံနက် ၉နာရီမှ ၁၁း၃၀နာရီ

နေရာ - ဧရိပ်မွန် အမျိုးသမီးစောင့်ရှောက်ရေးကျောင်း

၂၂လမ်း၊ ၆၂လမ်းနှင့်၆၆လမ်းကြား

အနှိပ်တော်ရပ်ကွက်၊ အောင်မြေသာစံမြို့နယ်၊

မန္တလေးမြို့။

မန္တလေးမှာရှိတဲ့ ဘလော့ကာများစုပေါင်းပြီး

ဘလော့ဒေးအထိမ်းအမှတ် ကုသိုလ်ဒါနပြုပွဲတစ်ခု ကျင်းပဖို့

မနေ့က အစီအစဉ်ဆွဲခဲ့ကြပါတယ် . .



၃၁-၈-၂၀၀၈ ရက်နေ့မှာ ကျရောက်မယ့် Blog Day 2008 မှာ

ဘလော့ကာများ ဘလော့ဒေးအထိမ်းအမှတ်

ပညာဒါန

လုပ်အားဒါန

အလှူငွေဒါန

စတဲ့ ဒါနအပေါင်းစုပြီး ကုသိုလ်အမှုပြုကြပါမယ်။



ဒါကြောင့် ဘလော့ဒေးနေ့မှာ ဘလော့ကာများကိုယ်တိုင် ပါဝင်လို့

ကုသိုလ်ပြုပြု

တတ်နိုင်သမျှ နည်းများမဆို အလှူငွေဒါန ပြုပြု

ကျွန်တော်တို့နဲ့အတူ ပါဝင်ဆင်နွှဲကြဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။



ဘယ်လိုပဲ ပါဝင်ဒါန ပြုသည်ဖြစ်စေ

ရတနာချို၊ ဆြာဘနဲ့ ကျွန်တော်တို့ ထံကို ဆက်သွယ်နိုင်ပါတယ်။



ဘယ်နေရာမှာ ဘယ်လို ဒါနပြုကြမယ်ဆိုတာကတော့ အနီးကပ်မှာ

သေချာရှင်းလင်းပြပါ့မယ်။



အခက်အခဲ အမျိုးမျိုးကြောင့် ဟောပြောပွဲမျိုး၊ ဆွေးနွေးပွဲမျိုး မလုပ်နိုင်ခဲ့ပေမယ့်

အထိမ်းအမှတ်အဖြစ် အကျိုးရှိတဲ့ ပွဲလေးတစ်ခုတော့ လုပ်ဖြစ်အောင်လုပ်မယ်လို့

ရည်ရွယ်ပြီး ဒီ ဒါနပြုပွဲလေးကို ကျင်းပဖို့ ရွေးချယ်ခဲ့ကြတာပါ။



အားလုံး ဘလော့ကာဟုတ်သည့်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ

ကျွန်တော်တို့ ဒါနပြုပွဲ တနည်း ဘလော့ကာတို့ရဲ့ ဒါနပွဲလေးမှာ

ပါဝင်လှူဒါန်း အားဖြည့်ပေးကြပါဦးလို့ ဖိတ်ခေါ်လိုက်ရပါတယ်ဗျာ . . .

ဘလော့ဒေး အထိမ်းအမှတ် ကျင်းပဖို့အတွက်

အလှူဒါနပြုမယ့်နေရာ ရှာဖွေနေကြပါတယ်။

မန္တလေးမှာရှိတဲ့ မိဘမဲ့စောင့်ရှောက်ရေးကျောင်း တစ်ခုခုမှာ ကျင်းပဖို့ စီစဉ်နေကြပါတယ်။



ပညာဒါနအဖြစ် တတ်မြောက်တဲ့ ကွန်ပျူတာ ပညာရပ်ဆိုင်ရာ များကို သင်ပြပေးကြပါမယ်။

နောက် အလှူငွေ ပေးအပ်လှူဒါန်းပါ့မယ်

ဘယ်နေရာဆိုတာ မနက်ဖြန်လောက်ဆို အတည်ပြုနိုင်ပြီ လို့ ထင်ပါတယ်။



ပါဝင်ကြပါဦးလို့ ဖိတ်ခေါ်ပါတယ်။

မိဘမဲ့ ကလေးများကိုလဲ ကိုယ်တိုင်ကိုယ်ကျ ပါဝင်လှူဒါန်းကြပါတယ် . . .

ကနေ့ညနေ ၇နာရီလောက်က ထမင်းစားနေတုန်း ငလျင်တစ်ချက် လှုပ်သွားတယ်လို့ ခံစားမိပါတယ်။

ဘေးက အမေကတော့ ခေါင်း အနည်းငယ်မူးသွားပါတယ်။

ငြိမ့်ကနည်းဖြစ်သွားတယ်လို့တော့ ခံစားလိုက်ရပါတယ်။

ဘယ်လောက်အထိ အင်အားရှိတယ်
ဘယ်နေရာကို ဗဟိုပြုတယ်ဆိုတာကတော့ ရှာကြည့်လိုက်ဦးမယ်ဗျာ . . .




Blog EntryAug 19, '08 3:09 AM
for everyone

Mandalay Hill

Blog EntryAug 19, '08 2:57 AM
for everyone
နက်နဲသိမ်မွေ့သောပညာ ဒစ်ဂျစ်တယ်ဓာတ်ပုံပညာ မွေးဖွားရာမြေ

ကျွန်တော်ဟာ နေ့တဓူဝတွေ့ကြုံနေရတဲ့ သဘာဝအလှတွေကို ဓာတ်ပုံတွေရိုက်ရင်း ကြီးပြင်းလာခဲ့ပါတယ်။ အလင်းရဲ့ စွမ်းပကားကြောင့် အရောင်မျိုးစုံကွန့်မြူးတဲ့ သဘာဝအလှတရားကို ရှာဖွေလေ့လာရင်း ဓာတ်ပုံပညာကို မွေ့လျောခဲ့ ရပါတယ်။ ဓာတ်ပုံပညာဟာ ပုံရိပ်ဖြစ်ပေါ်လာဖို့ အလင်းအပေါ်မှာ အခြေခံပါတယ်။ Photography ကို ဂရိဘာသာ စကားနဲ့ Photo (light) နဲ့ graphein (to draw) ဆိုတာက ဆင်းသက်လာပြီး Drawing with light အလင်းဖြင့် ရေးဆွဲခြင်း လို့ အဓိပ္ပာယ် ရပါတယ်။ ၁၈၃၉ ခုနှစ်မှာ သိပ္ပွံပညာရှင် Sir John F.W.Herschel က စတင်အသုံးပြုခဲ့ ပါတယ်။ ၁၈၂၇ ခုနှစ်က Joseph Nicephore Niepce ရဲ့ ၈ နာရီကြာအချိန်ပေးပြီးရိုက်ကူးရတဲ့ နည်းပညာကို မိနစ် ၃၀ အောက်ရောက်တဲ့အထိ တီထွင်နိုင်ခဲ့ပြီး ယနေ့ခေတ်သုံးဓာတ်ပုံပညာကို အစပျိုးနိုင်ခဲ့ပါတယ်။ Louis Jacques Mande Dafuerre ရုပ်ပုံဖမ်းယူခြင်းနဲ့ ပုံဖော်ခြင်းနည်းပညာကို အပတ်တကုတ်ကြိုးစားခဲ့ရာက Daguerreotype ဆိုတဲ့ ယနေ့ခေတ်သုံးဓာတ်ပုံပညာနဲ့ အနီးစပ်ဆုံးဖြစ်အောင်တီထွင်အောင်မြင်ခဲ့ပါတယ်။ Daguerreotype နည်းပညာကို ပြင်သစ်အစိုးရကို ရောင်းချခဲ့ပြီးနောက် ဓာတ်ပုံပညာရဲ့လုပ်ငန်းစဉ်များအား ကမ္ဘာတစ်ခွင်ရှိ ပြည်သူများသို့ ၁၈၃၉ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့မှာ ကြေငြာခဲ့ကာ ယနေ့ဓာတ်ပုံပညာရဲ့ ခရီးလမ်းကို စတင် ပါတော့တယ်။

၁၈၃၉ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့က အများပြည်သူကိုစတင်ကြေငြာခဲ့တဲ့ ယနေ့ခေတ်သုံးဓာတ်ပုံပညာဟာ ယခုဆိုရင် သက်တမ်း နှစ်ပေါင်း ၁၇၀ နှစ် ရှိပြီဖြစ်ပါတယ်။ သက်တမ်းကြာမြင့်ပြီဖြစ်တဲ့အလျောက် ခေတ်အဆက်ဆက် ကို ဖြတ်သန်းလာခဲ့ပြီး ယခုအခါမှာ လူတိုင်း အသုံးချနိုင်တဲ့ ပညာရပ်တစ်ခုဖြစ်နေပါပြီ။ ဓာတ်ပုံတစ်ပုံဖြစ်ဖို့ ကင်မရာ ဆိုင်ရာ ပစ္စည်းပေါင်းများစွာ ကို သယ်ဆောင်သွားကာ ရိုက်ကူးခဲ့ကြရာက အင်္ကျီအိတ်ကပ်ထဲမှာ ထည့်သွားလို့ရတဲ့ ကင်မရာလေးတွေ ဖြစ်လို့လာပါ ပြီ။ ခေတ်တွေပြောင်းလာတာနဲ့အညီ အခုလို အီလက်ထရောနစ်ခေတ် သတင်းခေတ် ကြီးမှာ ဒစ်ဂျစ်တယ်စနစ်သုံး ခေတ်မီကင်မရာတွေကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာကြပါပြီ။ ဒစ်ဂျစ်ခေတ်မှာ ဒစ်ဂျစ်တယ်ကင်မရာတစ်လုံးကို အိမ်တိုင်းမှာ ရှိနေပြီလို့ ပြောနိုင်တဲ့အချိန်မှာ ကျွန်တော်လည်း ဒစ်ဂျစ်တယ်ကင်မရာ တွေကြား ဗျာများခဲ့ရပါတယ်။ ဗျာများခဲ့ရတာကတော့ ဒစ်ဂျစ်တယ်ကင်မရာတစ်လုံးကို ဘယ်လိုရွေးချယ် ရမယ်ဆိုတာ ပါပဲ။ အဲဒီလို ဦးဏှောက်ခြောက် ပြီး ဗျာများခဲ့ရတဲ့ ကင်မရာတစ်လုံးရွေးချယ်မှုကို အလွယ်တကူရွေးချယ်နိုင်ဖို့ အနည်း ငယ်တင်ပြချင်ပါတယ်။

လွယ်လွယ်ပြောကြမယ်ဆိုရင် ဒစ်ဂျစ်တယ်ကင်မရာတွေကို အိမ်သုံးကင်မရာအသေး(End User)၊ အပျော်တမ်း ကင်မရာသမားများ သုံး ကင်မရာအလတ် (Consumer) နဲ့ စီးပွားဖြစ်သုံးကင်မရာအကြီး (Professional) ဆိုပြီး သုံးပိုင်းခွဲခြားနိုင်ပါတယ်။ အရွယ်အစားအားဖြင့် သေး၊ လတ်၊ ကြီး ဆိုပေမယ့် အပျော်တမ်းသမားသုံးကင်မရာအလတ် နဲ့ စီးပွားဖြစ်သုံးကင်မရာအကြီးတွေဟာ အရွယ်အားဖြင့် မတိမ်းမယိမ်းတွေပါ။ အရွယ်ငယ်ပေမယ့်လည်း အစွမ်းထက် တဲ့ကင်မရာတွေလည်းရှိပါတယ်။

ဓာတ်ပုံရဲ့ အရည်အသွေးကို အကြမ်းအားဖြင့် ကင်မရာမှာပါတဲ့ Resolution က ဆုံးဖြတ်ပေးပါတယ်။ အရည်အသွေး မြင့်တဲ့ ဓာတ်ပုံကို လိုချင်ရင် Resolution များဖို့လိုပါတယ်။ Resolution ကို 5 Megapixel, 8 MegaPixel, 10 MegaPixel အစရှိသဖြင့် MegaPixel အရေအတွက်နဲ့ သတ်မှတ်ပါတယ်။ MegaPixel တူမယ်ဆိုရင်  Sensor အရွယ်အစားအကြီးကိုသုံးတဲ့ Professional ကင်မရာတွေက အရည်အသွေးပိုကောင်းပါတယ်။

ဒစ်ဂျစ်တယ်ကင်မရာတွေမှာ မှန်ဘီလူးကနေတဆင့် ရုပ်ပုံဆွဲယူရိုက်နိုင်တဲ့ zoom နှစ်မျိုးရှိပါတယ်။ Optical နဲ့ Digital zoom ပါ။ Optical zoom ဆိုတာက မှန်ဘီလူးကနေ အမှန်တကယ်လုပ်ဆောင်နိုင်တဲ့ လုပ်ဆောင်ချက် ဖြစ်ပြီး Digital zoom ဆိုတာကတော့ ကင်မရာမှာပါတဲ့ ကွန်ပျူတာကနေ ချဲ့ပေးတာဖြစ်ပါတယ်။ ဒါကြောင့် အမှန်တကယ်ချဲ့ယူနိုင်တဲ့ Optical zoom ကသာလျှင် ဓာတ်ပုံရဲ့ အရည်အသွေးကို ကောင်းမွန်စေမှာဖြစ်ပါတယ်။ အသုံးပြုတဲ့ မှန်ဘီလူးဟာ အရည်အသွေးကောင်းမွန်တဲ့ Leica, Carl Zeiss, Nikkor, Canon, Fujinon အစရှိတဲ့ မှန်ဘီလူးကို အသုံးပြုထားမယ် ဆိုရင် ဓာတ်ပုံဟာ ပိုမိုကြည်လင်ပြတ်သားပြီး အရောင်အသွေးမှန်ကန်စေမှာ ဖြစ်ပါတယ်။

ဒစ်ဂျစ်တယ်ကင်မရာတွေရဲ့နောက်ဖက်မှာ ရိုက်ပြီး ပြန်ကြည့်နိုင်မယ့် LCD Monitor တွေပါလေ့ရှိပါတယ်။ ရိုက်ပြီး ပြန်ကြည့်နိုင်တော့ ရိုက်ထားတာမကောင်းရင် ချက်ချင်းပြန်ရိုက်နိုင်တဲ့ အခွင့်အရေး ရှိတာပေါ့။ သို့သော်လည်း Snap Shoot ရိုက်ရတဲ့ အားကစားပြိုင်ပွဲမျိုး၊ သတင်းဓာတ်ပုံမျိုးကိုတော့ ပြန်ရိုက်နိုင်တဲ့ အခွင့်အရေးကနည်းတော့ ပုံကောင်း ရအောင် ရိုက်နိုင်အောင် လေ့ကျင့်ထားဖို့တော့လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ပြန်ရိုက်လို့ရတယ် ဆိုတဲ့ အချက် ကလေးတစ်ချက်ထဲနဲ့ ဓာတ်ပုံရိုက်ကြတဲ့အခါ အာရုံထားပြီး ရိုက်ကူးမှုတွေ လျော့နည်းလာလို့ ဖြစ်ပါတယ်။

ကင်မရာတစ်လုံးကို ရွေးချယ်တဲ့နေရာမှာ ကင်မရာရဲ့အရွယ်အစား၊ ပုံထွက်အရည်အသွေး(Resolution)၊ မှန်ဘီလူး တို့ဟာ အဓိကရွေးချယ်စရာဖြစ်ပြီး LCD Monitor အရွယ်အစား၊ ညအမှောင်မှာ ရိုက်နိုင်စွမ်း၊ လက်တုန်ခြင်းကြောင့် ပုံရိပ်ဝါးခြင်းမှ ကာကွယ်ပေးနိုင်တဲ့စနစ် အစရှိတဲ့ ရွေးချယ်စရာ Function တွေ တပုံတပင် ရှိပါသေးတယ်။ Smile Shutter လို့ခေါ်တဲ့ မျက်နှာက ရီမှ ရိုက်တဲ့စနစ်ဆိုတာမျိုးလည်းရှိနေပါပြီ။ ရီမှ လှတယ်လို့ ယူဆသူတွေ အတွက် အဲဒီ Smile Shutter ပါတဲ့ကင်မရာက မရီမခြင်း စောင့်ပြီး ရိုက်ပေးပါလိမ့်မယ်။ မျက်နှာဝါးနေတယ်လို့ ယူဆ နေသူများအတွက်တော့ Face Dectection လို့ ခေါ်တဲ့ Function က မျက်နှာတွေကို အသားပေးပြီး ပြတ်သား အောင် ဆောင်ရွက်ကာ ရိုက်လို့ရမှာ ဖြစ်ပါတယ်။ လက်တုန်တတ်တဲ့သူတွေ၊ ဓာတ်ပုံရိုက်ကူးစဉ် စိတ်လှုပ်ရှား တတ်တဲ့သူတွေအနေနဲ့ ဓာတ်ပုံရိုက်တဲ့အခါမှာ ပုံတွေဟာ ၀ါးသွားတတ်ပါတယ်။ အဲဒီလို ပုံရိပ်တွေ မ၀ါးရအောင် Image Stabilization က ပုံရိပ်ကို မ၀ါးအောင် ဆောင်ရွက်ပေးနိုင်ပါသတဲ့ဗျာ။

ဓာတ်ပုံရိုက်ကူးတဲ့အခါမှာ မျက်စိတမှိတ်လျှပ်တပြတ်အတွင်း ပုံရိပ်ရဲ့ အဆုံးအဖြတ်ပေးတဒင်္ဂဟာ အရမ်းကို အရေးကြီးပါတယ်။ လျှပ်တပြတ်အချိန်တိုလေးအတွင်းမှာ အလင်းအမှောင်နဲ့ ပုံရိပ်ရဲ့လှုပ်ရှားမှုနဲ့ ဓာတ်ပုံ ဖွဲ့စည်းမှု (Composition)ကို အမိ အရရိုက်ယူရတဲ့ပညာရပ်ဖြစ်တဲ့အတွက် လွယ်မယောင်နဲ့ နက်နဲသိမ်မွေ့လှ ပါတယ်။ အချိန်ကိုက် အဆုံးအဖြတ်ပေး၊ အချိနိကိုက်ပုံရိပ်ဖမ်းယူရတဲ့ ဓာတ်ပုံပညာဟာ အရင်ရှိနှင့်နေပြီဖြစ်တဲ့ ဓာတ်ပုံပညာရပ်နဲ့ ယနေ့ ပြောဆိုနေကြတဲ့ ဒစ်ဂျစ်တယ်ဓာတ်ပုံပညာဟာ အတူတူပဲ ဖြစ်ပါတယ်။ ဓာတ်ပုံရဲ့ အခြေခံ သဘာတရားတွေဟာ ပြောင်းလဲမသွားပဲ အသုံးပြုတဲ့ ကိရိယာ ကင်မရာကသာလျှင် ခေတ်နဲ့အညီ တိုးတက်လာပြီး ဒစ်ဂျစ်တယ်ကင်မရာခေတ်ကို ရောက်ခဲ့ရတာဖြစ်ပါတယ်။

ဒစ်ဂျစ်တယ်ကင်မရာခေတ်မှာ ဓာတ်ပုံပညာရပ်က အပြောင်းအလဲတွေရှိလာပါတယ်။ အဓိကအကျဆုံး အပြောင်းအ လဲကတော့ ရိုက်ကူးရတဲ့စနစ်ဟာ ပိုမိုလွယ်ကူလာတာပဲ ဖြစ်ပါတယ်။ ဒစ်ဂျစ်တယ်ကင်မရာတစ်လုံးကို အခုဝယ် အခုရိုက်နိုင်တဲ့ အဆင့် ဖြစ်နေပါပြီ။ လူတိုင်းလူတိုင်း ကင်မရာနဲ့ မစိမ်းတော့ပါဘူး။ ဓာတ်ပုံဆိုင်တွေ တိုးလာတာက လည်း ဒစ်ဂျစ်တယ်ကင်မရာရဲ့ လွယ်ကူစွာရိုက်ကူးနိုင်တဲ့ စွမ်းပကားကြောင့်ဆိုရင် မှားမယ်မထင်ပါဘူး။ VISUAL ART ဖြစ်တဲ့ ဓာတ်ပုံပညာဟာ မြင်တာနဲ့ အလွယ်တကူတတ်မြောက်နိုင်တဲ့ ပညာရပ်တစ်ခုလိုဖြစ်နေတော့လည်း အခြေခံဖြစ်တဲ့ သီအိုရိကို နားလည်းသဘောပေါက်အောင် လေ့လာသင်ယူထားသင့်ပါတယ်။ သီအိုရိဟာ အမြဲတမ်း မှန်ကန်နေတဲ့ သဘောတရားတွေဖြစ်ပါတယ်။ ကျွမ်းကျင်ပိုင်နိုင်ပြီး  မိမိကိုယ်တိုင် တီထွင်ဖန်တီး ရိုက်ကူးတဲ့အခါ မှာတော့ သီအိုရိမှသွေဖယ်ပြီးရိုက်ကူးနိုင်ပါတယ်။ သီအိုရိကို တသွေမတိမ်းလိုက်နာရမယ်လို့တော့ ဆိုလိုတာ မဟုတ်ပေမယ့် တိကျသေချာတဲ့အခြေခံမရှိဘူးဆိုရင် တိုးတက်ဖို့ဆိုတာလည်း ဖြစ်လာမှာမဟုတ်ပါဘူး။ ပုံကောင်း တစ်ပုံရဖို့အတွက် သီအိုရိကို အခြေခံပြီး မိမိရဲ့ စိတ်ကူစိတ်သန်းတွေ ပေါင်းစပ်ကာ ရိုက်ကူးရမှာဖြစ်ပြီး အဲဒီလို ရိုက်ကူးမှသာလျှင် အနုပညာမြောက်တဲ့ ဓာတ်ပုံ ကောင်းတစ်ပုံဖြစ်လာမယ်ဆိုတာ ဧကန်မလွဲ ဖြစ်ပါလိမ့်မယ်။

ဓာတ်ပုံရိုက်ကူးဖို့အတွက် ၀ါသနာပါသူအများအပြားကို တွေ့ကြုံခဲ့ရဖူးပါတယ်။ ကင်မရာရှိသူတွေရှိသလို ကင်မရာ တစ်လုံးတစ်လေမှ မပိုင်ဆိုင်သေးသူတွေလည်းတွေ့ရပါတယ်။ ဓာတ်ပုံဝါသနာရှင်တွေနဲ့ ဖွဲ့စည်းထားတဲ့ အပျော်တမ်းဓာတ်ပုံအသင်းနှစ်ခု မန္တလေးမှာရှိပါတယ်။ သက်တမ်းနှစ်ပေါင်း ၄၀ ကျော်ရှိပြီဖြစ်တဲ့ အထက်မြန်မာ ပြည်ဓာတ်ပုံအသင်းနဲ့ သက်တမ်းနှစ်ပေါင်း ၂၀ ကျော်ရှိပြီဖြစ်တဲ့ မန္တလေးဓာတ်ပုံအသင်းဆိုပြီးရှိပါတယ်။

ဓာတ်ပုံအသင်းနှစ်ခုစလုံးမှာ အသင်းဝင်အရေအတွက်က ၁၀၀၀ ကျော်စီရှိပါတယ်။ လပတ်စဉ်ဓာတ်ပုံပြိုင်ပွဲ၊ နှစ်ပတ် လည်ဓာတ်ပုံပြိုင်ပွဲ၊ အထူးဖိတ်ခေါ်ဓာတ်ပုံပြိုင်ပွဲများကို ကျင်းပပေးပြီး ဓာတ်ပုံဝါသနာရှင် ဓာတ်ပုံအသင်းသားတွေကို လက်ရည်သွေးစေကာ ဓာတ်ပုံပညာကို မြှင့်တင်ပေးပါတယ်။ ဓာတ်ပုံပညာပြန့်ပွားရေးလုပ်ငန်းအနေနဲ့ ဓာတ်ပုံသင်တန်း များကိုလည်း သင်ကြားပို့ချပေးလျက်ရှိပါတယ်။ ဓာတ်ပုံပြပွဲများကျင်းပခြင်း၊ နိုင်ငံတော်မှကျင်းပသော ဓာတ်ပုံပြိုင်ပွဲများ ၀င်ရောက်ယှဉ်ပြိုင်ခြင်း၊ နိုင်ငံတကာဓာတ်ပုံပြိုင်ပွဲများဝင်ရောက်စေခြင်းများအတွက်လည်း ဓာတ်ပုံအသင်းများက ဦးဆောင်ကာ ဆောင်ရွက်ပေးပါတယ်။ လပတ်စဉ်ဓာတ်ပုံပြိုင်ပွဲများအဖြင့် တစ်နှစ်လျှင် ၁၀ ပွဲကျင်းပပေးပြီး ၅ ပွဲကို မော်ဒယ်အလှမယ်နဲ့ ကျန် ၅ ပွဲကို ရှုမျှော်ခင်းဓာတ်ပုံပြိုင်ပွဲများဖြစ်ပါတယ်။ တစ်နှစ်လုံးယှဉ်ပြိုင်ပြီး အမှတ်အများဆုံး ရရှိသူကိုတော့ အသင်းရဲ့ တံခွန်စိုက်ဆုကြီးကို ပေးအပ်ချီးမြှင့်ပါတယ်။ မန္တလေးမြို့တော်စည်ပင်သာရေးကော်မတီက ကျင်းပပေးတဲ့ သင်္ကြန်ဓာတ်ပုံပြိုင်ပွဲ၊ မန္တလေးတောင် နွေမိုးဆောင်းအလှဓာတ်ပုံပြိုင်ပွဲ၊ ဂေါက်ကွင်းဖွင့်ပွဲဓာတ်ပုံပြိုင်ပွဲ အစရှိတဲ့ ဓာတ်ပုံပြိုင်ပွဲတွေမှာလည်း မန္တလေးဓာတ်ပုံအသင်းနဲ့ အထက်မြန်မာပြည်ဓာတ်ပုံအသင်းမှ အသင်းဝင် ဓာတ်ပုံ ၀ါသနာရှင်များဟာ အားတက်သရော ပါဝင်ယှဉ်ပြိုင်ခဲ့ကြတာကို တွေ့မြင်ရပါတယ်။



ဓာတ်ပုံဝါသနာပါသူတွေများပြားလာသလို ဓာတ်ပုံပညာမှာ ကွန်ပျူတာတွဲဖက်လာပြီး ပိုမိုကောင်းမွန်တဲ့ ဓာတ်ပုံတွေကို တွေ့မြင်လာရတာဟာဖြင့် အလွန်အင်မတန်မှ အားရစရာကောင်းလှပါတယ်။ ဓာတ်ပုံပညာရပ်မှ Darkroom Technique ဟာ Light room အဖြစ်သို့ ပြောင်းလဲသွားပြီး အမှောင်ခွင်းကာ အလင်းဆောင်သကဲ့သို့ ဖြစ်လာပါပြီ။ မမြင် မစမ်းနဲ့ အမှောင်ထဲမှာ ပုံကောင်းတွေရအောင် ခက်ခက်ခဲခဲလုပ်ခဲ့ရတဲ့ အချိန်ကနေ ယနေ့ ကွန်ပျူတာပေါ်မှာပဲ လိုတာ ထည့်၊ မလိုတာဖြုတ်၊ ဟိုရွေ့ဒီပြောင်းလုပ်လို့ရနေပြီဖြစ်ပါတယ်။ ဘီစီ ၄ ရာစုကထဲက တရုတ်နဲ့ ဂရိ အတွေးအခေါ် ပညာရှင်များဟာ မှန်ဘီလူးနဲ့ ကင်မရာရဲ့ သဘောတရားကို ဖော်ပြနိုင်ခဲ့ပြီး ၁၆ ရာစုကထဲကစတင်ခဲ့တဲ့ ဓာတ်ပုံပညာ ဟာ အရင်က နဲ့ ဘာမှ မဆိုင်အောင်ပြောင်းလဲတိုးတက်လာခဲ့ပါပြီ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၇၀ လောက်က အများပြည်သူအသုံးပြုဖို့ ကြေငြာခဲ့တဲ့ ၁၈၃၉ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့ကို ယခုအခါ ဓာတ်ပုံပညာနေ့အဖြစ် သတ်မှတ်ဂုဏ်ပြုနေကြပြီဖြစ်ပါ တယ်။ ဓာတ်ပုံဝါသနာရှင်၊ ဓာတ်ပုံပညာရှင်များအနေနဲ့ ဓာတ်ပုံပညာနေ့မှာ ဓာတ်ပုံရိုက်ကူးခြင်း၊ ဓာတ်ပုံပြပွဲပြသခြင်း၊ ဓာတ်ပုံပညာရပ်ဆိုင်ရာ ဟောပြောပွဲများပြုလုပ်ခြင်းဖြင့် ကမ္ဘာတစ်လွှားမှာ ဂုဏ်ပြုကြိုဆိုနေကြပါပြီ။ ၂၀၀၈ ခုနှစ်မှာ တော့ မန္တလေးဓာတ်ပုံအသင်းကလည်း သြဂုတ်လ ၁၉ ရက်နေ့မှာပဲ မန္တလေး ကန်တော်ကြီး ပန်းခြံမှာ မော်ဒယ်အလှမယ် ဓာတ်ပုံပြိုင်ပွဲအတွက် ဓာတ်ပုံရိုက်ကူးခြင်းဖြင့် ကမ္ဘာ့ဓာတ်ပုံပညာနေ့ကို ကြိုဆိုကြမှာဖြစ်ပါတယ်။ ဓာတ်ပုံနဲ့ မစိမ်းတဲ့ သင်လည်း ကျွန်တော်တို့နဲ့အတူ ပါဝင်ရိုက်ကူးရင်း ကြိုဆိုလိုက်ကြရအောင် လားဗျာ။

မောင်ဘဦး(မန္တလေး)


ယနေ့ ကတော့ ၀ါခေါင်လပြည့်နေ့ပါ
လပြည်နေ့များမှာ သူ့အမည်နှင့်သူရှိရာ
ဝါခေါင်လပြည့်ကိုတော့ မေတ္တာအခါတော်နေ့လို့ သတ်မှတ်ပြီး
သတ္တ၀ါများအပေါ် မေတ္တာဓာတ်များပေးပို့ ကြတယ်လို့ သိရပါတယ်။


နောက် တောင်ပြုံးပွဲ ကနေ့ ပြီးသွားပါပြီ
နောက် ၈ရက်အကြာမှာ ရတနာ့ဂူ နတ်ပွဲ စတင်ပါ့မယ် . . .

ဖေဖော်ဝါရီလ အတွင်းက မီးဘေးသင့်ခဲ့သော
ရတနာပုံဈေးကို ဖျက်သိမ်းလျက်ရှိရာ
အားလုံးပြီးစီးလို့  ၁၄-၈-၂၀၀၈ရက်နေ့က
ဈေးသစ်ပြန်လည်တည်ဆောက်ရန် ပန္နက်တင်မင်္ဂလာအခမ်းအနား ကျင်းပခဲ့ကြောင်း။



Blog Day အထိမ်းအမှတ်ဆောင်းပါး ပါမသွားလို့ . .
http://uhteik.files.wordpress.com/2008/08/blog-day.pdf

မနှစ်က ဘလော့ဒေးမှာ ရေးခဲ့တဲ့ဆောင်းပါး ပါ

ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။

အမှတ်တရပေါ့
ဒီနှစ်အတွက်လဲ ကြိုးစားရဦးမယ်ဗျာ . . .



Photo AlbumBlog Day 2008Aug 13, '08 6:22 AM
for everyone